ဆွဲစားခံရသူ (သို့) ထိုးကျွေးခံရသူ အမတ်ကြီး ဘဒူမင်းညို

“ဆွဲစားခံရသူ (သို့) ထိုးကျွေးခံရသူ အမတ်ကြီး ဘဒူမင်းညို”

ရခိုင်မင်းသမီးဧချင်း(မြန်မာစာပေသမိုင်းတွင်အစောဆုံးဧချင်း)ကို ရေးစပ်သီကုံးသူ ဘဒူမင်းညို အား မွတ်ဆလင် ဟုပြောဆိုလိုသူများသည် အဆိုပါပုခက်လွဲစာဆိုတော်အမတ် အား “ရခိုင်လူမျိုး ဗုဒ္ဓဘာသာကိုနှစ်နှစ်ကာကာသက်ဝင်ယုံကြည်သူ မွတ်ဆလင်ဆွဲခန့်အမတ်ကြီး ဘဒူမင်းညို” ဟု ပုံဖော်ပြောဆိုက ပိုမိုသင့်လျော်ပေမည်။ (ယုတ္တိတန်စေရန် အကြံပေးခြင်းသာ)

ရခိုင်မင်းသမီးဧချင်း စဖွင့်သည်နှင့်ပထမဆုံးအပိုဒ်တွင်ပင်လျှင် ဘုရားငါးဆူပွင့်မည့် ဤကမ္ဘာတွင် အရိမေတ္တယျမြတ်စွာဘုရားပွင့်တော်မမူမှီ လေးဆူမြောက်ဂေါတမမြတ်စွာဘုရား၏နောက်ဝယ် ငါးထောင်သာသနာအတွင်း ဇမ္ဗူဒီပါကျွန်း၌ မြောက်ဦးရွှေနန်းတည်ထွန်းပုံဖြင့် ဧချင်းအစပျိုးထားပေသည်။

အပိုဒ်ခြောက်နှင့်ခုနှစ်တွင် ဧချင်းဖွဲ့ခံရခိုင်မင်းသမီးသည် ကပ္ပိလဝတ်ပြည်ရှင်  ဘေးတော်အဉ္ဇနဘုရင်မှ ဆင်းသက်လာသော ခတ္တိယအနွယ်သကျသာကီဝင်မင်းမျိုး ဂေါတမမြတ်စွာဘုရား၏ ဆွေတော်မျိုးတော်များဖြစ်ကြောင်းကို ပထမနှင့်ဒုတိယဓညဝတီမြို့တည်မင်းများဖြစ်ကြသော မာရယုမင်းနှင့်ကံရာဇာကြီးမင်း တို့၏မင်းဆက်ထူထောင်ပုံနှင့်သက်သေညွှန်းကာဖွဲ့ဆိုလေသည်။

အပိုဒ်ရှစ်တွင် ဤစကြာဝဋ္ဋာအနန္တ၌ အလွန်မြင့်မြတ်သော ဉဏ်ရည်အထူးကို ပိုင်ဆိုင်တော်မူထသော လောကသုံးပါးတို့၏ ရှင်တော် ဂေါတမမြတ်စွာဘုရားပွင့်တော်မူပုံ ကိုဖွဲ့ဆိုပေသည်။

အပိုဒ်ကိုးတွင်လည်း စန္ဒသူရိယမင်းက အဓိဋ္ဌါန်ပြု ပင့်လျှောက်သဖြင့် ဓညဝတီ ရခိုင်ပြည်သို့ ဂေါတမမြတ်စွာဘုရားရှင် ကြွလာပုံ။ နတ်၊သိကြား၊ ဝိသကြုံတို့ အကူအညီနှင့် ပဉ္စလောဟာရတနာတို့ ဖြင့် မဟာမြတ်မုနိဘုရားကြီးအား သွန်းလုပ်ပုံ။ မြတ်စွာဘုရား၏ကိုယ်ငွေ့တော်ခုနှစ်ဆုပ်ထည့်ပြီး ကိုယ်စားတော်အရာထားကာ သုံးပါးနတ်လူ ကိုးကွယ်ရာအဖြစ် ခွင့်ပြုတော်မူပုံတို့ ဖြင့်စီဖွဲ့ထားပေသည်။

အပိုဒ်တစ်ဆယ့်ခုနှစ်တွင် ရခိုင်ဘုရင်လက်ယာမင်းနန်ကို နန်းတင်ပေးရန် ကူညီလာကြသူ မွန်နှင့်ပျူစစ်သည်တို့က မဟာမြတ်မုနိဘုရားကြီးကို ဖျက်ဆီးသဖြင့် အချို့မှာရေနစ်သေဆုံးပြီး၊ အချို့လည်းနူနာဝဲစွဲ ဖြစ်ကြကာ ပြည်ရွာပျက်ပြီး သံသရာတစ်လျှောက် ပဉ္စာနန္တရိယကံကြီးထိုက်ပြီး မချွတ်ဘေးသင့်ခံရလိမ့်မည် ဖြစ်ကြောင်းကိုလည်း ဖွဲ့ဆိုထားပေသည်။

အပိုဒ်တစ်ဆယ့်ရှစ်တွင် ကောလိယမင်းမှ မဟာထီးဘုရားဆင်းထုတော်ကြီးအားတည်ထားလှူဒါန်းခဲ့ပုံ။

အပိုဒ်တစ်ဆယ့်ကိုးတွင် ဒဿရာဇာမင်းမှ မဟာမြတ်မုနိဘုရားကြီးအား ဓညဝတီမြို့ဟောင်းအနီး ကတညုတောင်တော်သို့ ပင့်ဆောင်ပြီး သိမ်၊ ကျောင်း၊ ပြဿဒ၊် ရွှေဂူဘုရား၊ကျောင်းကန် တို့ကို လက်အောက်ခံမင်းအပေါင်းတို့ဖြင့် ပေါင်းစုတည်ကာ ကောင်းမှူကုသိုလ်ပွဲများလုပ်ပြီး သီရိဓမ္မာသောကမင်းကြီးကဲ့သို့ သာသနာတော်ကို ချီးမြှင့်မြှောက်စားပုံကို ဖွဲ့ဆိုထားပေသည်။

အပိုဒ်နှစ်ဆယ့်ခြောက်တွင် သက်တော်ရှည်ဘုရင်မင်းထီး၏ ဘုန်းတန်ခိုးထွန်းတောက်ပုံ၊ ပြည်သူနှင့်ဘုရင်အပြန်အလှန် ချစ်ခင်လေးစားပုံ၊ မဟာမြတ်မုနိဘုရားကြီး၌ လက်စွဲတော်ပုတီးအားတင်လျှက် သစ္စာအဓိဋ္ဌါန်ပြုကာအတိုင်းတိုင်းအပြည်ပြည်ရှိ ရန်သူအပေါင်းအား အောင်နိုင်တော်မူပုံ နှင့်  သက်တော်-၁၁၃ နှစ်၌ ဘဝပြောင်းသောအခါ နတ်ပြည်သို့ဧကန် ရောက်ရှိသည်ဖြစ်ကြောင်း ရေးဖွဲ့ပေသည်။

အပိုဒ်သုံးဆယ်တွင် နောင်လာသောအမျိုးလေးပါးတို့ ဤမြို့တော်ကြီး၌ ကြီးကျယ်စည်ကားလာမည့်အရေး အတွက် မိမိအသက်တိုမည်ကို ပဓာနမထားခဲ့သော မြောက်ဦးရွှေနန်းတည်ဘုရင်မင်းစောမွန်သည် မြို့တည်အပြီး မဟာမြတ်မုနိဘုရားကြီး၌  နိဗ္ဗာန်သို့ရည်မှန်းလျှက်ငါးပါးသောအလှူကြီးပေးပုံကို ရေးဖွဲ့ထားပေသည်။

မင်းသမီး၏ဖခမည်းတော် ဘစောဖြူမင်း၏ လေး(ကမန်)အတတ်၌ကျွမ်းကျင်ပုံကို အပိုဒ်သုံးဆယ့်သုံး၌ တင်စားရာတွင် “ကြောလေးကမန်၊ ကျင်လေဟန်လည်း” ဟူ၍ ဖွဲ့ဆိုထားပေသည်။

ဖခမည်းတော် ဘစောဖြူမင်း၏ ဂုဏ်ပုဒ်ကို နိုင်ငံမင်းအပေါင်းတို့ လေးစားရမှူ၊ အစွမ်းထက်မှူကိုဖော်ကြူးရာ အပိုဒ်သုံးဆယ့်လေးတွင် သုံးပြည်သားပုန်ကန်သူတို့ကို ဖွဲ့ဆိုရာ၌ “ရိုင်းရူးမိစ္ဆာ၊ ဗင်္ဂါကုလား” ဟူ၍သုံးနှုန်းထားပေသည်။

မင်းသမီး၏ ပုခက်တင်မင်္ဂလာပြုသောအခမ်းအနား၌ ပုခက်လွဲစာဆိုတော်အမတ် ဘဒူမင်းညိုသည် ဗုဒ္ဓဘာသာတို့၏ အနှစ်သာရ တွေးခေါ် ယုံကြည်မှူများနှင့် ပြည့်လျှံထုံမွှန်းလျှက်ရှိသော၊ သကျသာကီဝင် ရခိုင်မင်းမျိုး အဆက်ဆက်တို့၏ ကြီးကျယ်မြင့်မြတ်ပုံကို အထူးတင်စား ဖော်ညွှန်းထားသော ဤဧချင်းကို မလွဲမသွေ ရွတ်ဆိုရပေလိမ့်မည်။

ထို့အပြင် ယင်းမင်းသမီး၏ ပုခက်တင်မင်္ဂလာပြုသော အခမ်းအနားတွင်ပင်လျှင်၊ သမီးတော် ဖွားမြင်တော်မူခဲ့ရာ စံနန်းတော်ကိုဖြိုဖျက်ပြီး၊ သိမ်တော်သမုတ်ကာ ဘုရားတစ်ဆူ တည်ထားကိုးကွယ်ခဲ့ပေသည်။ မင်းသမီး၏အမည် စောရွှေကြာကို အစွဲပြုပြီး ရွှေကြာသိမ်ဘုရားဟု ယနေ့တိုင် မြောက်ဦး(မြို့ဟောင်း) မှောက်တော်(မင်းသမီး)အရပ်၌ အထင်အရှား ရှိနေတုန်းပင်ဖြစ်သည်။

မိမိ၏ကိုယ်ပိုင်ဥာဏ်ဖြင့်စဉ်းစားချင့်ချိန်ကြပါကုန်၊ သံယောင်လိုက်ပြီး၊ ဓမ္မကိုအဓမ္မ မလုပ်ကြပါနှင့်။

ငြိမ်းချမ်းလို၍သော်လည်းကောင်း၊ မငြိမ်းချမ်းလို၍သော်လည်းကောင်း အမှန်ကိုအမှားမလုပ်သင့်ပေ။

လေးစားလျှက်။  ။

“အတ္တာဟိ အတ္တနောနာထော”

ဇင်မောင်ရဲ(၂၃-၀၃-၂၀၁၃။ ခေတ္တ စင်္ကပူရ)

စာကြွင်း။  ။ မွတ်ဆလင်ဆွဲခန့် ဆိုသည်မှာ မွတ်ဆလင်ဘာသာဝင် မဟုတ်ဘဲ ယင်းဘာသာဝင်ဖြစ်သည်ဟု အတင်းကာရောလိုရာဆွဲပြောခံရသူ။

ကျွန်နော်ရေးသော ဤပို့စ်ကား အမတ်ကြီးဘဒူမင်းညိုသည် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင် ဖြစ်ကြောင်းကို ရခိုင်မင်းသမီးဧချင်းပါ အကြောင်းအရာများဖြင့် ယှဉ်ထိုး ထောက်ပြလိုခြင်းသာဖြစ်ပါသည်။
ကျွန်နော်အနေဖြင့် ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်လိုခြင်း၊ ဗုဒ္ဓဘာသာဝင်လူမျိုးမျ
ား အချင်းချင်း သွေးကွဲဖွယ်ရာဖြစ်အောင် ဖန်တီးလိုခြင်း အချင်းမရှိပါ။
ကျွန်နော် ရခိုင်လူမျိုး ဗုဒ္ဓဘာသာဝင်စစ်စစ် ပါ။ ဘုရား၊ တရား၊ သံဃာ သရဏဂုံ သုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: